WELCOME TO LOVEHELLBOY BLOG
Image by Cool Text: Logo and Button Generator - Create Your Own
 
Ҝŷ@щŚשּׂĄЯ
 
 

IT နည်းပညာများစုဝေးရာ

  =>

IT နည်းပညာများ(၂)

  =>

Networking

  =>

လေ့လာသင့်သောWebsite များ

 

အင်တာနက်ဆိုတာကြီးကိုမိတ်ဆက်ခြင်း

 

ဗဟုသုတများ

IT နည်းပညာများ(၂)

Virus အမျိုးအစားခွဲခြားခြင်း..

 



၁။Computer Virus
Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီး ကွန်ပျူတာတစ်ခုကနေ တစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ်..လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ်... စတာတွေကို လုပ်ဆောင်ပါတယ်..
ဒါပေမယ့် Virus အများစုဟာ
executable fileတွေဖြစ်ကြပါတယ်.. ဥပမာ.. chrome.exe, system.bat , flashy.com စသဖြင့်ပေါ့ .. သူတို့ဟာကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး... ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ...
Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory stick(flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာတွေ၊ သူငယ်ချင်း အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေ .. စသဖြင့်ပေါ့...ဗျာ


၂။Malware
Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲဒိ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်..
Malware တစ်ခုမှာ Computer VIrus , worms, trojan horses, most rootkits, spyware, dishonest adware, crimeware and other malicious and unwanted software တွေပါဝင်လေ့ရှိပါတယ်..


၃။worm
worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class လို့လည်းခေါ်လို့ရပါတယ်... သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြားကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက်လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ်...သူ့ပါသူ ဖြန့်နိုင်တဲ့ စွမ်းရည်ရှိတာပေါ့နော်...
အကြီးမားဆုံး အန္တရာယ်ကတော့ သူ က သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို not responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ worm ကတော့
Blaster worm ပါ.. ထွင်လိုက်တဲ့လူကတော့ ၂၀၀၅ ခုနှစ်တုန်းက အသက် ၁၈နှစ် အရွယ် Jeffrey Lee Parson ဖြစ်ပြီး ထောင် ၁၈ လ ကျသွားခဲ့ပါတယ်.. Blaster worm က windows စတက်တာနဲ့ Registry ကီး
HKEY_LOCAL_MACHINESOFTWAREMicrosoftWindowsCurrentVersionRunwindows auto update = msblast.exe မှာ နေရာယူပါတယ် ၊ msblast.exe ဆိုတာက တော့ နာမည်တူပေးထားတာပေါ့
Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..



၎။Trojan horse
Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်..Trojan ဆိုတဲ့ မြင်းရုပ်ကြီးအကြောင်းငယ်ငယ်က ကမ္ဘာ့သမိုင်းမှာသင်ဖူးကြမှာပေါ့.. Tri ဇာတ်ကားလည်း ကြည့်ဖူးကြမှာပါ... အဲဒိထဲကလိုပဲ အလုပ်လုပ်တယ်လို့ပြောလို့ရပါတယ်... ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့ဗျာ... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒိ Game ကို Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့..
နမူနာ Trojan Horse ကတော့ waterfalls.scr ဆိုတဲ့ free waterfall screen saver ပဲဖြစ်ပါတယ်..

Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်...
* Remote Access
* Data Destruction
* Downloader/dropper
* Server Trojan(Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
* Disable security software
* Denial-of-service attack (DoS)



၅။Spyware
သူကတော့ သူခိုးပေါ့နော်.. Spy တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာသိကြမှာပါ.. သူလဲအဲလိုပါပဲ...
သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်... ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့ဗျာ... တစ်ချို့ လူတွေက
http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့်  Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ.
Spyware ကို ကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကို ရှောင်တာကောင်းပါတယ်... Free Spyware Remover တွေနဲ့လည်းကာကွယ်နိုင်ပါတယ်...


၆။Adware
Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်...
အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်... ဒါကတော့ဒီလောက်ပဲ


၇။Crimeware
Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်.. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေးကြတာများပါတယ်..
သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်
ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲဖြစ်ပါတယ်...။

 


Malware အကြောင်း....ကျွန်တော် သိသမျှ.........

 



  ခုတလော.....

Virus အသစ်တွေ ပေါ်နေသလို တခြားနည်းနဲ့ စက်ကို လေးအောင် လုပ်တတ်တဲ့
အရာတွေလည်း အမျိုးမျိုးရှိနေတယ်..။
အခု ကျွန်တော်ပြောမှာက Malware အကြောင်းပါ...။
ဥပမာဗျာ...
အထူးသဖြင့်...သူငယ်ချင်းတို့ ရဲ့ Gtalk မှာစာရေးတယ် ၊
ဖိုင်တွေဖွင့်တဲ့ အခါမှာ တော်တော်နဲ့မပွင့်ပဲ လေးနေတယ်..၊
ဆိုရင် ဒါကို ကျွန်တော်အတွေ့အကြုံအရ Malware ကြောင့်ပါပဲ...။
Gtalk မှာစာတွေရေးတဲ့ အခါမှာ ကိုယ်အခုရေးနေတဲ့ အခါမှာ မပေါ်သေးဘူး...။
ဒါပေမဲ့ ..Enter နှိပ်လိုက်ရင်တော့ ရောက်သွားတယ်..ဆိုရင်...
ကိုယ်ဖွင့်တဲ့ ဖိုင်လေးက တော်တော်နဲ့ မပွင့်ပဲ....လေးပြီးနေတယ် ဆိုရင်...
ဒါဟာ ....Malware ကြောင့်ပါ...။
ဒါကို ကျွန်တော် အောက်က Link နံပါတ် 123. မှာပေးထားတဲ့ နေရာကနေ Download ဆွဲယူပါ..။

အောက်မှာတော့ သူတို့ ပေးထားတဲ့ Pro တော့ ရှိတာပေါ့ဗျာ..။
ကျွန်တော်တို့ကတော့ ဝယ်ဖို့ မဖြစ်နိုင်ဘူးလေ..။
ဒါကြောင့်...အလကားရတာပဲ...ဆွဲလိုက်ပါ..။
ပြီးရင် run လိုက်ပါ...။
ပြီးရင် သတ်တာကတော့ .... ၃ မျိုးရှိပါတယ်..။

ှQuick , Deep , Custom   ဆိုပြီး ၃ မျိုးရှိပါတယ်..။

Deep ကို ရွေုးပြီး  Scan လုပ်ပေးပါ...။
Scan လုပ်တာ  ၃ နေရာကိုပါ..။

Memory , Registry  , Files and Folder တွေကိုပါ..။
သူဖာသာ သူ Scan လုပ်ပါလိမ့်မယ်..။
ပြီးရင်....
သူရှာတွေ့တယ် ဆိုရင်....
တွေ့တဲ့နေရာမှာ အနီရောင်နဲ့ ပြပါတယ်..။
ဘာမှ စဉ်းစားမနေပါနဲ့ ....။

အပေါ်မှာ ပေါ်နေတဲ့ Process ကိုနှိပ်ပြီး...
သူထပ်ပေါ်လာတဲ့ ဘောင်မှာ...အမျိုးမျိုးရှိပါတယ်..။
Remove ကိုပြောင်းပေးပါ..။
နောက်..အောက်မှ Apply အပေါ်တွင် Remove ကိုပြောင်းပေးပါ...။
စက်ထဲမှာ ရှိသော ဘာမှ မထိခိုက်ပါ...။
Registry လည်း မပျက်စေနိုင်ပါ..။
ကျွန်တော် အာမခံပါတယ်..။

ပြီးရင်တော့....Apply ကိုနှိပ်ပြီး အပြီးရှင်းထုတ်လိုက်ပါ...။
ဒါမျိုး..တစ်နေ့ နှစ်ခါလောက်လုပ်ပေးပါ...။
ပထမတစ်ခါတော့ သူငယ်ချင်း...အံ့သြနေပါလိမ့်မယ်..။
ငါ့စက်ထဲမှာ ဒီလောက်တောင်မှ Malware တွေဝင်နေပါလားလို့ စိတ်ပူသွားပါလိမ့်မယ်..။
ရှင်းပြီးရင်တော့..သူငယ်ချင်းစက်ကလေး ရွှတ်ခနဲ့...ရွှတ်ခနဲ့ နဲ့ နေတာ တွေ့ပါလိမ့်မယ်...။


အရာရာအဆင်ပြေပါစေဗျာ................။

 

 

 

 

Firefox မှာ Youtube Videos တွေကို အလွယ်တကူ Download လုပ်ချင်ရင်....

 





Youtube Videos တွေကို Download လုပ်နိုင်တဲ့ နည်းတွေအများကြီးရှိပါတယ်...။
အခုပြောမှာကလည်း နည်းထဲက တစ်နည်းပါပဲဗျာ...

မထမဦးဆုံး Download လုပ်တော့မယ်ဆိုရင် ကိုယ် Download လုပ်မဲ့
Youtube Videosကို ဖွင့်ထားပါခင်ဗျာ..ပြီးရင် Menu Bar က Bookmarks ကို နိုပ်...
Bookmarks This Page (or) Bookmarks Toolbar ကို Right-Click နိုပ်ပြီး
New Bookmark...တစ်ခုတည်ဆောက်လိုက်ပါ.
..


New Bookmarks ပေါ်လာရင် Name မှာ ကိုယ် Videos ရဲ့ နာမည် ဒါမှမဟုတ် နာမည်တစ်ခုခုပေးပြီး Location မှာ ဒီ Code နှစ်ခုထဲက ကြိုက်တဲ့ Code တစ်ခုကိုထည့်လိုက်ပါ..ပြီးရင် Add ကိုနိုပ်လိုက်ပါ...
Code (1)


javascript:window.location.href = 'http://youtube.com/get_video?video_id=' + swfArgs['video_id'] + "&l=" + swfArgs['l'] + "&sk=" + swfArgs['sk'] + '&fmt_map' + swfArgs['fmt_map'] + '&t=' + swfArgs['t'];


Code (2)


javascript:window.location.href = 'http://youtube.com/get_video?video_id=' + swfArgs['video_id'] + "&l=" + swfArgs['l'] + "&sk=" + swfArgs['sk'] + '&t=' + swfArgs['t'];



နောက် ခုန Bookmarks ကို ပြန်ဖွင့်လိုက်ရင် ဒီလိုလာမယ်..


အဲ့မှာ Open With ပဲဖြစ်ဖြစ် Save As ပဲဖြစ်ဖြစ် ရွေးပြီး OK ကိုနိုပ်လိုက်ရင် ရပါပြီခင်ဗျာ..။
ဒါပေမဲ့ Windows Media Player နဲ့ဖွင့်လို့မရဘူးခင်ဗျာ..။
flv ဖိုင်ဖြစ်နေလို့..Windows Media Player နဲ့ ဖွင်ချင်တယ်ဆိုရင်
ဒီ
K-Lite Codec Pack Full 4.3.8 Beta ကို Download လုပ်လိုက်ပါ.. ။
K-Lite Codec Pack Full 4.3.8 Beta ကို Download လုပ်လိုက်ရင် flv ဖိုင်တွေကို Windows Media Player, Windows Media Center, WinAmp, VLC, Media Player Classic နဲ့ အခြား video player တွေ့နဲ့ဖွင့်လို့ရပါပြီ.........။

 

 

 

 

အခမဲ့ရနိုင်တဲ့ email လိပ်စာများစာရင်း...

အခမဲ့ရနိုင်တဲ့ email လိပ်စာများစာရင်း

http://www.30gigs.com:
Storage ပမာဏ 30GB (1GB = 1024MB) ရနိုင်ပါတယ်။

http://www.aussiemail.com
သြစတြေးလျ email service တစ်ခုကနေ ကျောင်းသားသုံး ရည်ရွယ်ပြီး ဖန်တီးပေးထားတာပါ။
http://www.aim.com:
America Online ရဲ့ service ဟာ အခမဲ့ အသုံးပြုသူတွေအတွက် 5GB ပမာဏပေးထားပြီး နောင်မှာ unlimited အထိတိုးမြှင့်ပေးပါလိမ့်မယ်။
http://www.bigstring.com:
acount အမျိုးမျိုး ခွဲခြားထားပြီး 2GB ကနေ 20 GB အထိ သိုမှီးပမာဏ ဖန်တီးပေးထားပါတယ်။ ထူးခြားတဲ့ စနစ်နဲ့ နည်းပညာကို အသုံးပြု တည်ဆောက်ထားတဲ့အတွက် အသုံးပြုသူဟာစိတ်ချမ်းသာမှု ရစေပါမယ်လို့ ကတိပြုထားပါတယ်။
http://www.bluebottle.com:
spamတွေကို ကာကွယ်ဖို့ မြင့်မားတဲ့ tools တွေကို သုံးစွဲပြီး ပေးပို့သူနဲ့လက်ခံသူနှစ်ယောက်ကြား မှာရှိတဲ့ ဆက်ဆံရေးကိုမူတည်ပြီး ယုံကြည် စိတ်ချရမှုရှိ၊ မရှိ ဆိုတာကိုတောင် ရွှေးချယ်ပေးပါတယ်။
http://www.canada.com:
ကနေဒါတစ်နိုင်ငံလုံးမှာ သတင်းမွှေးနေတဲ့ Email တစ်ခုပါ။
http://www.canoe.ca:
ကနေဒါ service provider တစ်ခုရဲ့ လိပ်စာပါ။
http://www.care2.com:
အခမဲ့ သုံးစွဲနိုင်တဲ့ service တစ်ခုဖြစ်သလို user က ယုံကြည်စိတ်ချမှုရှိပြီး သဘောကျခဲ့မယ်ဆိုရင် တော့အလှူငွေ ပါဝင်လှူဒါန်းနိုင်ပါတယ်။ အဲဒီ ဒါနတရားဟာ ကမ္ကာတစ်ဝန်းလုံးမှာရှိတဲ့ မဖွံ့ဖြိုး၊ မတိုးတက်သေးတဲ့ နေရာတွေအတွက် ရည်ရွယ်ပါတယ်။
http://www.DCEmail.com:
ဝါရှင်တန်ဒီစီရဲ့အခမဲ့ဝန်ဆောင်မှုတစ်ခုပါ။
http://www.dbzmail.com
ကာတွန်းတို့ ပန်းချီတို့နဲ့ ပက်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့ “out-blaze” ရဲ့ service တစ်ခုဖြစ်ပါတယ်။ ကာတွန်းချစ်သူတွေ အချင်းချင်း ဆက်သွယ်ပြီး အမြင်တွေကို ဖလှယ်ရင်း ဝေမျှခံစားနိုင်ပါတယ်။
http://www.DidaMail.com
အင်္ဂလိပ်၊ အာရေဗျ ဒီဇိုင်းနှစ်မျိုးနဲ့ နှစ်သက်ရာရွေးချယ်နိုင်ပြီး POP3 acount တွေကို ပေးပိုနိုင်တယ် လို့ဆိုပါတယ်။
http://www.emailaccount.com
domain အခွဲပေါင်း မြောက်မြားစွာရှိတဲ့ အခမဲ့ဝန်ဆောင်မှုတစ်ခုပါ။
http://www.fastmail.fm:
သိုလှောင်မှုပမာဏ နည်းပါးပေမယ့် စာပို့ခြင်းနဲ့ လက်ခံယူခြင်းတို့မှာ အလွန်မြန်ဆန်ပြီး လူကြိုက်များပါတယ်။
http://www.gawab.com
ဘာသာစကား ၁၂ မျိုးကျော်နဲ့ သုံးစွဲလို့ရတဲ့ 1GB Mail ပါ။
http://www.Gratfiti.net:
သိုလှောင်မှုပမာဏ 100 MB အထိ ပေးထားပါတယ်။
http://www.hotpop.com:
online သိုလှောင်မှု 100 MB ရရှီစေပါတယ်။
http://www.hushmail.com:
Email တွေနဲ့ ဖိုင်တွေကို လုံခြုံမှုဝှက်စာနဲ့ ပို့ဆောင်ပေးပါတယ်။
http://www.icqmail.com
အခမဲ့ကို 6MB သာ ပေးအပ်ထားပေမယ့် တခြား IM နဲ့ အသုံးဝင်တဲ့ features တွေအများအပြား ရှိနေပါတယ်။
http://www.inbox.com:
5 GB ပေးထားပြီး IMAP ချိတ်ဆက် ရရှိစေပါတယ်။
http://ww.indiatimes.com:
Calendar တစ်ခုနဲ့ Mail Alert တစ်ခုပါဝင်ပြီးအိန္ဒိယနိုင်ငံရဲ့ ဘာသာစကား အပါအ၀င် language ပေါင်း ၁၂ မျိုးနဲ့ သုံးစွဲနိင်ပါတယ်။
http://ww.InMail24.com:
POP3/ IMAP တွေကို လက်ခ့တဲ့အတွက် 16 MB သာ ပေးအပ်ထားပေမယ့် ကိုယ့်ရဲ့ Email တွေကို outlook ကနေ တစ်ဆင့် ချိတ်ဆက်လို့ ရနိုင်ပါတယ်။
http://www.jubli.com:
ဖိုင်တွေကို upload တင်လို့ ရသလို chat နဲ့ voip ကိုပါ ပေးအပ်ထားတဲ့ Email ၀န်ဆောင်မှုတစ်ခုဖြစ်ပါတယ်။
http://www.linuxmail.org:
Linux OS ရဲ့ အဆင်အပြင်နဲ့ အခမဲ့ service တစ်ခုပါ။

http://www.litepost.com:
Alpha (စမ်းသပ်ဆဲ ကာလ) အဆင့်သာရှိသေးပေမယ့် online ရဲ့ e-mail သုံးစွဲသူ လောကမှာတော့သတင်းမွှေးပျံ့လျက်ရှိပါတယ်။
http://www.lycosMail.com:
3 GB ပေးထားပြီး attachments ကိုတော့ limit နကန့်သတ်ဘူးလို့ ကြေညာထားပါတယ်။
http://www.hotmail.com
Microsoft ကုမ္ပဏီရဲ့ ၀န်ဆောင်မှု တစ်ခုပါ။ စတင် ယူယူချင်းမှာ 250 MB ရရှိပေမယ့် invite letter ရှာဖွေနိုင်ခဲ့မယ်ဆိုရင် 2GB ပမာဏအထိ ရနိုင်ပြီး ကြော်ငြာတွေကိုပါ လျှော့ချပစ်နိုင်ပါလိမ့်မယ်။
http://www.dora.com:
2 GB ပေးထားပြီးနှစ်သက်ဖွယ်ရာအသွင် အပြင်ရှိပါတယ်။
http://www.mailsnare.net:
အခမဲ့အသုံးပြုသူတွေအတွက် 40 MB သုံးစွဲခွင့် ရှိပါတယ်။
http://www.mailzworld.com:
အဆုံးအစမရှိ သိုလှောင်မှု ပမာဏ ရရှိပါတယ်။
http://www.Merseymail.com:
လီဗာပူးတက္ကသိုလ်ရဲ့ ကျောင်းသားများ အတွက် ရည်ရွယ်ထုတ်ဝေထားခဲ့တဲ့ mail တစ်ခုပါ။
http://www.muchomail.com:
25 MB သိုလှောင်နိုင်ပါတယ်။
http://www.myway.com:
ရှင်းလင်းသပ်ရပ်တဲ့ Email လှလှ ကလေးတစ်ခုဖြစ်ပါတယ်။
http://webmail.opera.com:
opera browser ကို သုံးစွဲကြသူတွေအတွက်ရည်ရွယ်ထားတဲ့ webmail ဟာ 3 MB သိုလှောင်မှုပေးပါတယ်။
http://www.outhun.com:
“Out-blaze” ရဲ့ အိမ်ရှင်မတွေအတွက် ရည်ရွယ်ထားတဲ့ ၀န်ဆောင်မှုတစ်ခုပါ။

http://www.postmaser.co.uk:
ရှေးကျတဲ့ e-mail တစ်ခုပါ။ 1 GB သိုလှောင်ခွင့် ပေးထားပြီး provide က UK မှာ ရှိနေပါတယ်။
http://www.prontomail.com:
attachment ကို 2MB အထိ ပေးထားတဲ့ 25MB ပမာဏ အီးမေးလ်တစ်ခုပါ။
http://www.rediff.com:
1 GB ပမာဏ သိုလှောင်မှုနဲ့အတူ 10 MB attachment ရရှိစေတဲ့ အိန္ဒိယ အခြေစိုက် ၀န်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။
http://www.runbox.com:
10 GB ပမာဏကို စမ်းသပ်ခွင့် သုံးလပေးထားပါတယ်၊၊ အခမဲ့သမားတွေအတွက်အမှန်တကယ် သုံးစွဲနိုင်တာက 1GB/ 10 MB ဖြစ်ပါတယ်။
http://www.sacmail.com:
3.5 MB အထိ file ချိတ်ဆက်လို့ရတဲ့ e-mail တစ်ခုဖြစ်ပြီး 25 MB ပမာဏ ပေးအပ်ထာပါတယ်။
http://www.safe-mail.net:
3 MB သာ storage ပေးထားပေမယ့်ပေးပို့သူ တွေအတွက်ကိုတော့ လုံခြုံရေး မြင့်မြင့်မားမား တည်ဆောက်ထားပါတယ်။
http://www.ureach.com
NGO အဖွဲ့အစည်းတစ်ခုရဲ့ အခမဲ့ ၀န်ဆောင်မှုတစ်ခုပါ။
http://vfemail.net:
15 MB ရှိပြီး up-grade ကိုတော့ ငွေပေးဝယ်ယူရပါမယ်။
http://www.zilladog.com:
ကလေးတွေအတွက် ရည်ရွယ်ပြီး ဂိမ်းတွေ ဆော့ကစားနိုင်စေဖို့သူငယ်ချင်းတွေနဲ့ e-mail အပြန်အလှန် ပို့ဆောင်စေဖို့ ဖန်တီးထားပါတယ်။
http://www.yahoo.com/mail:
ရှေးအကျဆုံးနဲ့ များပြားတဲ့ domain ပေါင်းစုံရှိနေတဲ့ service ပါ။ yahoo ကုမ္ပဏီရဲ့အပိုင် ဖြစ်ပါတယ်။



ဇေယျာစံ
Knowledge 1000+
(ကွန်ပျူတာ ဂျာနယ် ၂၀၀၈ခုနှစ်၊ ဧပြီလ၊ အမှတ် ၁၇၀)










 

Desktop ပေါ်က ပုံတွေ ၊ ဖိုဒါတွေကို ဖျောက်နည်း... A


အသုံးပြု သူ အနေနဲ့ အကယ်၍များ Desktop ပေါ်က ဓါတ်ပုံ ( သို့မဟုတ်) ဖိုဒါတွေကိုဖျောက်ချင်တယ် ဆိုရင် Run box မှာ cmd လို့ရိုက်ထဲလိုက်ပါ ...။
ပြီးရင်တော့ cd (space bar) လေးခံပြီး desktop လို့ရိုက်ထည့်လိုက်ပါ...။
အဲဒါဆိုရင်......

အဲဒီပုံလေး အတိုင်းပေါ်လာမှာ ဖြစ်ပါတယ် ...။
ပြီးသွားရင်တော့ ဆက်ပြီးနောက်ကနေ attrib +s +h လို့ရိုက်ပြီး ဓါတ်ပုံတစ်ပုံချင်း ရဲ့ နာမည် သို့မဟုတ် ဖိုဒါတစ်ခုလုံးရဲ့ နာမည်ကိုရိုက်ပေးလိုက်ပါ ...။
ပျောက်သွားပါလိမ့်မယ် ...။
ပြန်ဖေါ်မယ်ဆိုရင်တော့ -s -h ပါ...။
ပုံလေးကတော့ ဒီလိုလေးပါ....။

ကျွန်တော်တို့ ဖိုဒါကို ကုတ်တွေထည့်ပြီး rename ပေးဖျောက်မယ်ဆိုရင် refresh လုပ်တဲ့ အခါ မှာ အဲဒီဖိုဒါနေရာကို ပြနေပါလိမ့်မယ်...။
 ဒါကြောင့် ဖိုဒါရှိနေတယ် မရှိနေဘူးဆိုတာကိုသိပါတယ်...။
အဲဒီနေရာကလည်း လွတ်နေပါလိမ့်မယ်...... ။
ဖိုဒါကို alt+0160 လို့ rename ပေးပြီး ဖိုဒါicon ကို အောက်ပါအတိုင်းပြောင်းပေးလိုက်ရင် လည်းပျောက်ပါတယ်...။
 ဖိုဒါတစ်ခုရဲ့ properties >customize> change icon ထဲမှာ အောက်ပါပုံလေး အတိုင်းလွတ်နေတဲ့နေရာမှာ left click ထောက်ပြီး ok ပေးလိုက်ပါ......။ ပျောက်သွားပါလိမ့်မယ်.....။

ပြန်ဖေါ်မယ်ဆိုရင်တော့ ရှိတဲ့ အိုင်ကွန်နေရာကို ပဲ ပေးလိုက်ပါ....။
ပြန်ပေါ်လာပါလိမ့် မယ် .....။




Sub menu မပေါ်အောင်/ပေါ်အောင် လုပ်နည်း...  


Sub menu ဆိုတာ folder တစ်ခုကို right click ပေပြီးပေါ်လာတဲ့ open with (or) left arrow တွေအပေါ်မှာ mouse pointer တင်လိုင်ရင် နောက်ထပ်ပေါ်လာတဲ့ box လေးကိုပြောတာပါ၊


ဒီနည်းလေးကတော့ အဲဒီ Sub menu ဆိုတဲ့ box လေးမပေါ်အောင်လုပ်နည်းပါ၊

၁။window key+R ကိုနှိပ်ပြီး Run box ကိုခေါ်ယူပါ၊

၂။Run box တွင် regedit ကိုရိုက်ပြီး Registry Editor ကိုသွားလိုက်ပါ၊

၃၊Registry Editor ထဲမှ HKEY_CURRENT_USER Control Panel Desktop
    သို့အဆင့်ဆင့်သွားရောက်ပါ၊

၎၊ညာဘက် panel မှ MenuShowDelay ကို Right click -->Modify လုပ်၍ value ကို
   65534 ဟုပေးပါ။

၅။ပြီးရင်တော့ ကွန်ပျူတာကို Restart ချပါ။

Window ပြန်တတ်လာပြီ ဆိုရင်တော့ Sub menu လေးတွေဟာ mouse pointer တင်တာနဲ့ပေါ်မလာပဲ click နှိပ်မှပေါ်တာတွေ့ရပါလိမ့်မယ်၊


Gtalk ကဲ့သို့အသုံးပြုနိုင်မည့် M-talk တဲ့....




       မြန်မာနိုင်ငံ၏ ပထမဆုံးသော အွန်လိုင်းမှပြည်တွင်း၊ ပြည်ပဖုန်းခေါ်ဆိုခြင်း၊ အီးမေးလ်၊ ချက်တင်အသုံးပြုခြင်းများကို ၀န်ဆောင်မှုပေးမည့် Mtalk ဆားဗစ်ကို မကြာမီကာလအတွင်း အများပြည်သူသို့ စတင်သုံးစွဲခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

       အဆိုပါဝန်ဆောင်မှုအား ပြည်တွင်းမှနည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Myanmar Technology Gateway မှဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Mtalk ဆားဗစ်မှာ မြန်မာပြည်တွင်း၌လူသုံးများလျက်ရှိသော Gtalk နှင့် Pfingo ကဲ့သို့ ၀န်ဆောင်မှုများအတိုင်း ၀န်ဆောင်မှုပေးမည်ဖြစ်ကြောင်းသိရသည်။

        “ Mtalk ဆားဗစ်ကို စပြီးအကောင်အထည်ဖော်ခဲ့တာကြာပါပြီ။ အဓိကရည်ရွယ်ချက်ကတော့ ပြည်တွင်းမှာရှိတဲ့သူတွေအနေနဲ့ နိုင်ငံတကာသို့ အွန်လိုင်းပေါ်ကနေဖုန်းခေါ်တာတို့၊ chatting လုပ်တာတွေကို ပြည်တွင်းကနေ ၀န်ဆောင်မှုပေးချင်တာကြောင့် ဖြစ်ပါတယ်။
နောက်ထပ် ၂လ၊ ၃လအတွင်းလောက်မှာ Pfingo လိုမျိုးအကောင့်ရှိရုံနဲ့ ပြည်တွင်းရော၊ ပြည်ပရော အွန်လိုင်းကနေဖုန်းခေါ်ပြောဆိုနိုင်မဲ့ဝန်ဆောင်မှုကို စတင်တော့မှာဖြစ်ပါတယ်” ဟု Myanmer Technology Gateway မှ တာဝန်ရှိသူ ဦးအောင်ကျော်စိုးဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။

           လက်ရှိအချိန်တွင် Mtalk Application အားစတင်သုံးစွဲရန် Download လုပ်ခွင့်ပေးထားပြီး သုံးစွဲသူ၏အမည်နောက်တစ်ခုနှင့် email Chatting အသုံးပြုနိုင်ကြောင်းသိရသည်။

           Mtalk ၏၀န်ဆောင်မှုတွင် ထူးခြားချက်မှာ Mtalk အသုံးပြု သူများသည် Gtalk အသုံးပြုသူများကိုပါဖိတ်ခေါ်၍ ပြောဆိုနိုင်ခြင်း၊ Mtalk မှတဆင့် နိုင်ငံတကာဖုန်းများကို တိုက်ရိုက်ခေါ်ဆိုနိုင်သည့်ဝန်ဆောင်မှုများကို ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

          “ လတ်တလောမှာ အီးမေးလ်နဲ့ chatting ကိုအခမဲ့သုံးခွင့်ပေးမယ်၊ VOIP ကိုစမ်းသုံးခွင့်ပေးမယ်၊ အွန်လိုင်းပေါ်ကနေ ဖုန်းခေါ်ဆိုတဲ့စနစ်အတွက်ကိုတော့ ငွေပေးသွင်းတဲ့စနစ်နဲ့ စီစဉ်ထားပါတယ်။
လောလောဆယ်ကတော့ ဘယ်လောက် ပေးသွင်းရမယ်ဆိုတာကို မသတ်မှတ်ရသေးပါဘူး” ဟုတာဝန်ရှိသူ ဦးဇော်မင်းဦးက အင်တာနက်ဂျာနယ်သို့
ပြောသည်။

            ယင်းကုမ္ပဏီ၏ Mtalk အတွက်အသုံးပြုသည့်ဆာဗာမှာ ပြည်တွင်း၌ပင်ရယူထားကြောင်းသိရသည်။
Mtalk ၀န်ဆောင်မှုအား အသေးစိတ်လေ့လာလိုသူများအနေဖြင့် www.Myanmartalk.net တွင် ၀င်ရောက်လေ့လာနိုင်သလို Mtalk Application Software ကိုလည်း အခမဲ့ Download လုပ်ခွင့်ပေးထားကြောင်းသိရသည်။





Gmail တွင် ပို့ပြီးသား Mail ပြန်ဖျက်ချင်ရင်....








      Google သုတေသန Lab မှ G-Mail အသုံးပြုသူများ ၎င်းတို့ ပို့ထားသည့် Mail များကို ပြန်ဖျက် ပစ်နိုင်သည့် Feature တခုကို ထည့်သွင်း ပေးလိုက်ကြောင်း သိရှိရသည်။

     Undo Send ဟုအမည် ပေးထားသော အဆိုပါ Feature ကြောင့် အမှားပါသော Mail များကို ပြန်ဖျက်ပစ်နိုင်မည့် အခွင့်အရေး ရလာမည်ဟု Google ကဆိုသည်။
မူလက G-Mail ပို့ပြီးနောက် ထို Mail များကို ပေးပို့သူများ အနေနှင့် ပြန်မဖျက်ပစ် နိုင်ချေ။

          ယခု Feature အရ Mail ပို့ပြီး (၅)စက္ကန့်မျှ အတောအတွင်း Undo ဖြင့် ဖျက်ပစ်နိုင်သလို နောက်ပိုင်း အချိန်ကြာမှ ဖျက်ပစ် လိုပါကလည်း Sent Mail ထဲရှိ မိမိပို့ထားသော Mail ကို Undo ပြုလုပ်ခြင်းဖြင့် ဖယ်ရှား နိုင်မည်ဖြစ်သည်။
ထို Feature ကို အသုံးပြု လိုပါက G-Mail Account ထဲရှိ Setting တွင် Undo Send ဆိုသော နေရာလေးအား Enable ကလစ်လုပ်ပါ...။

 
       Setting > Labs > Undo Send > Enable > Save Changes  ဆိုရင် ရပါပြီ..။



ကွန်ပျုတာ...ဆိုတာ...

ကွန်ပျုတာ

    
          တိုက်ရိုက်အဓိပ္ပါယ်ပြန်လျှင်သချာင်္တွက်စက်ဖြစ်ပါသည်။
တစ်နည်းအားဖြင့်၎င်းမှာလျှပ်စစ်စွမ်းအားနှင့်သချာင်္ပညာရပ်များအားအသုံးပြု၍ လုပ်ငန်းရပ်များအားအဆင်ပြေချောမွှေ့လွယ်ကူစေရန်ဖန်တီးယူထားသည့်
စက်အမျိုးအစားတစ်ခုဖြစ်ပါသည်။မှတ်တမ်းများသိမ်းဆည်းခြင်း (Datastorage)၊ပြန်လည်ခေါ်ယူခြင်း(Retrive)၊အစီအစဉ်များထည့်သွင်းခြင်းနှင့်
ထုတ်ယူခြင်း(l/O Device)၊စဉ်းစားတွက်ချက်ပေးခြင်း (Calculate) တို့အားလုပ်ငန်းစဉ်များ အလိုက်အသုံးပြုနိုင်ရန်စီစဉ်ထားပါသည်။
            ကွန်ပျုတာအားတီထွင်ရန်စတင်စဉ်းစားခဲ့စဉ်ထဲကပင်လုပ်ငန်း ရပ်အသီးသီး၌
အသုံးပြုနိုင်ရန်ရည်ရွယ်၍တီထွင်ခဲ့ခြင်းဖြစ်သည်။
စတင်တီထွင်ခဲ့စဉ်အချိန်တွင် (Analog Computer) နှင့် (Digital Computer) ဟူ၍တည်ဆောက်ပုံနှစ်မျိုးရှိခဲ့ပါသည်။
(Analog Computer)သည်လျှပ်စစ်စွမ်းအားရရှိမှုပမာဏအနည်းအများပေါ်မူတည်၍
အနီးစပ်ဆုံးဖော်ပြ ပေးခြင်းအားဖြင့်လုပ်ဆောင်ပါသည်။
(Digital Computer)သည်လျှပ်စစ်စွမ်းအားအတိအကျရရှိမှုအပေါ်မူတည်၍
လုပ်ဆောင်ပါသည်။

ကွန်ပျုတာမတိုင်မှီ ခေတ်၁၆

     
           ရာစုနှစ်နှောင်းပိုင်းမှစတင်၍လုပ်ငန်းရပ်အသီးသီးအား
လွယ်ကူချောမွှေ့အဆင်ပြေစေရန်ပညာရှင်အသီးသီးမှ[ပေသီး]
(abacus)အားအခြေခံ၍ အဆင့်ဆင့်စမ်းသပ်တီထွင်လာခဲ့ကြပါသည်။ ၁၆၁၄ ခုနှစ်တွင်(John Napier)မှသချာင်္ပညာရပ်ပိုင်းဆိုင်ရာတွက်ချက်မှုများအား
အဆင်သင့်ကြည့်ရှု နိုင်ရန် .၅ ဒဿမငါးနေရာအထိ
အတိအကျတွက်ယူအဖြေထုတ်ပေးထားသော
အစီအစဉ်(Logarithms)အားတီထွင်ဖန်တီးခဲ့သည်။
၁၆၁၅ တွင် William Oughtred မှနေ၍ (Slide Rule) စနစ်အားတီထွင်ခဲ့သည်။
(Slide Rule) ဆိုသည်မှာလျှင်မြန်စွာတွက်ချက်နိုင်ရန်အတွက်(Logarithms) စနစ်အားအကျဉ်းချူံးစီစဉ်ထားသောသချာင်္ပညာရပ်ပိုင်းဆိုင်ရာအသုံးချမှုများဖြစ်ပါသည်။
၎င်းအားယနေ့ကာလခေတ်ပေါ်အီလက်ထရွန်းနစ်သချာင်္တွက် စက်(Electronic Calculator) များတွင်အသုံးပြုထားပါသည်။
၁၆၂၃ တွင် William Schickardမှသချာင်္တွက်စက်၏အစဖြစ်သော(Mechanical Calculator) အားတီထွင်ခဲ့ပါသည်။
ပထမဦးဆုံးစက်ကိရိယာဖြင့်တွက်ချက်ခြင်းအစီအစဉ်အားပြင်သစ်နိုင်ငံသားဖြစ်သူ
သချာင်္နှင့်ဒဿနိကပညာရှင် Blaise Pascal မှ ၁၆၄၂ ခုနှစ်
တွင်တီထွင်ခဲ့ပြီး ၁၆၄၅ ခုနှစ်တွင်စတင်ထုတ်လုပ်ခဲ့ပါသည်။
         ၎င်းကိရိယာအားအလုပ်လုပ်ဆောင်နိုင်ရန်အတွက်လက်ဖြင့်မောင်းနှင်ရသောဂီယာ (gear)များ၊စက်သီး (Pulley)များဖြင့်ဖွဲ့စည်းတည်ဆောက်ထားပါသည်။၁၆၇၂-၁၆၇၄ ခုနှစ်တွင် Gottfried Leibniz မှပထမဆုံး(Calculator) အား တီထွင်နိုင်ခဲ့ပါသည်။၁၈၀၁ ခုနှစ်တွင် Joseph Marie Jacquard ၏ကြိုးပမ်းအားထုတ်မှုဖြင့်
အလိုအလျောက်လည်ပတ်နိုင်သော
ယက်ကန်းစက် တစ်မျိုးဖြစ်သည့်(Analytical Engine) ကိုရရှိခဲ့သည်။
              ၎င်းစက်မှာအပေါက်များစွာပါဝင်သောကဒ်ပြား (Punched-Card) များဖြင့်ထည့်သွင်းအသုံးပြု ခဲ့သည်။
၁၈၂၀ တွင် Charles Thomas de Colmar မှပထမဆုံးပြည်စုံသောတွက်ချက်မှု
အတိုင်းအတာအားတိုးမြှင့်ပေးခဲ့ပါသည်။
            ၁၈၂၂ ခုနှစ်တွင်အင်္ဂလန်နိုင်ငံမှ Charles Babbage သည်ဓါတ်ခွဲစက် (Analytical Engine) တစ်ခုပြုလုပ်ရန်အကြံရှိခဲ့၍၎င်းစက်တွင်မည်
သည့်တွက်ချက်မှုမျိုးမဆိုပါဝင်ထည့်သွင်းထားသည်။
သို့ရာတွင်၎င်းစက်အတွက်လိုအပ်သည့်ဖွဲ့စည်းပုံအားတည်ဆောက်နိုင်ရန်အတွက်မူ
ယင်းအချိန် ကာလတွင်ပညာရှင်များအနေဖြင့်များစွာမှအခက်အခဲရှိခဲ့ကြပါသည်။
           Charles Babbage ၏မူလစိတ်ကူးမှာယင်းစက်သည်အချက်အလက်ပေါင်း မြောက်များစွာအားလက်ခံနိုင်၊ထည့်သွင်းနိုင်၊အဖြေထုတ်နိုင်ရန်ဖြစ်ပါသည်။
၂၀ ရာစုနှစ်အစောပိုင်းတွင်လေဟာမီးလုံး (Vacuum Tube) များအား အသုံးပြုခြင်းဖြင့်ကွန်ပျုတာစက်မှုပညာမှအီလက်ထရောနစ်စနစ်သို့ကူးပြောင်းလာခဲ့ကြ၍
ဂီယာ (Gear) နှင့်စက်သီး (Pulley) တို့အားမလိုအပ်တော့ ချေ။လျှပ်စစ်ခလုတ်များမှတူညိသောရလဒ်အဖြေများကိုရရှိနိုင်ပြီဖြစ်ပါသည်။
ယင်းတွင်သင်္ကေတနှစ်ခုပါသည့် (Binary) ဘာသာများဖြင့်အသုံးပြု ထားပါသည်။အချက်အလက်နှင့်ညွှန်ကြားချက်များအား(l/O) ဖြင့်အကျဉ်းချုံးထားပါသည်။
၎င်းစနစ်မှာ (0) နှင့် (၁) နံပါတ်များအားအဖွင့်၊အပိတ် (On/Off) လုပ်ပေးခြင်းဖြင့်လုပ်ငန်းရပ်များအားဝန်ပိုကျုံ့လာစေပါသည်။
လေဟာမီးလုံး (Vacuum Tube) များမှာဂီယာ (Gear) နှင့်စက်သီး(Pulley)များထက်ပိုမိုတိကျစွာအလုပ်လုပ်ဆောင်လာနိုင်ပါသည်။
Charles Babbage စဉ်းစားထားခဲ့သည့် (Analytical Engine) မှာ ၁၈၃၀ ခုနှစ်ရောက်မှအပြီးသတ်ဖန်တီးနိုင်ခဲ့ပါသည်။
နောက်ဆုံးတွင်၎င်း၏စဉ်းစားမှုများအားလုံးသည်ယနေ့ခေတ်ကာလအသုံးချနေကြသော (Programmable Computer) အဖြစ်သို့ရောက်ရှိလာခဲ့ပါသည်။
၁၈၉၀ ခုနှစ်တွင်Herman Hollerith မှအမေရိကန်သန်းခေါင်စာရင်းမှတ်တမ်းအတွက်ကဒ်ပြားများအား
အပေါက်ဖောက်ခြင်းစနစ်(punched-Card System) အဖြစ်တိုးမြှင့်ပေးခဲ့သည်။
          ၁၉၃၆ ခုနှစ်တွင် Alan Turing မှကွန်ပျုတာ၏သချာင်္ပညာရပ်ပိုင်းဆိုင်ရာ
သီအိုရီများအား တိုးမြှင့်ထုတ်လုပ်ခဲ့သည်။
၁၉၃၈ ခုနှစ်တွင် Konrad Zuse မှ(Boolean) အက္ခရာသချာင်္စနစ်အားအသုံးပြု၍ပထမဆုံး (Binary Caculator) အဖြစ် တည်ဆောက်
ခဲ့သည်။
၁၉၃၉ ခုနှစ်တွင်ပထမဆုံး[သချာင်္]နှင့်[ရူပဗေဒ] ပညာရပ်များအားလျှပ်စစ်စွမ်းအားဖြင့်အဓိကအသုံးပြုထားပြီးစက်ပိုင်း ဆိုင်ရာတွက်ချက်မှုဖြင့်အလုပ်လုပ်နိုင်သော (J V Atanasoff-Barry) ကွန်ပျုတာအားအမေရိကနိုင်ငံတွင်တီထွင်ခဲ့သည်။
၎င်းစက်အားပထမဆုံး လေဟာမီးလုံးတွဲများနှင့်အသုံးပြုဖန်တီးတည်ဆောက်ထားခဲ့သည်။
၎င်းစက်မှာလုပ်ငန်းရပ်တစ်ခုအတွက်သာပုံဖော်ထားပါသည်။
သို့ရာတွင်အလွန် ရှည်လျားသောသချာင်္ပညာရပ်ပိုင်းဆိုင်ရာဇယားကြီးများ၏
တွက်ချက်မှုများအားတစ်ခုချင်းစီအနီးစပ်ဆုံးတွက်ချက်နိုင်အောင်ရေးဆွဲခဲ့ပါသည်။

မြန်မာနိုင်ငံ ကွန်ပျုတာ သမိုင်း
မြန်မာနိုင်ငံတွင် ကွန်ပျူတာ တက္ကသိုလ်မဆိုထားဘိ ကွန်ပျူတာ ဌာနပင်မရှိသေးမီက (၁၉၇၃ ခုနှစ်မတိုင်မီက ) တက္ကသိုလ်တစ်ခု၏ သင်္ချာဌာနလက်အောက်တွင်တွက်ချက်ရေးယူနစ် အဖြစ်စတင်ဖွဲ့စည်းခဲ့သည်ဟုအဆိုရှိသည်။
လူဦးရေ သန်းခေါင်စာရင်းကောက်ယူမှတ်တမ်းပြုစုသော ကိစ္စရပ်များကိုကူညီဆောင်ရွက်ခဲ့ရကြောင်းလည်းသိရသည်။
 စက္ကူ ကဒ်ပြားများကိုစက်ဖြင့်အပေါက်ဖေါက်ပြီး သုံးရသောစနစ်ဖြစ်သည်။ နောက်ပိုင်းတွင် ပီစီ မဟုတ်သေးသော ကွန်ပြူတာများ တစ်စတစ်စ ရောက်ရှိလာပြီး ၀န်ကြီးဌာနအချို့တွင်သုံးစွဲလာသည်။
MCC အမည်ဖြင့် ကွန်ပြူတာပညာဆင့်ပွါးပေးသောအစုအဖွဲ့ရှိခဲ့ဖူးပြီး ကွန်ပြူတာသင်တန်းကျောင်း လုံးဝမရှိဆိုဟုသည်။
ရှေးဦးစွာရောက်ရှိလာသော PC တို့တွင်လည်း CD ROM, Sound card, Mouse စသည်တို့မပါဝင်သေးပဲ DOS Version ဖြင့်ပင် Run နိုင်သော စာစီစာရိုက်အတွက် (WordStar) စာရင်းဇယားဆွဲရန် (Foomtools) စသည့် ဆော့ဖ်ဝဲများသုံးကြရသည်ဆိုပါသည်။
နောက်ပိုင်း (Wordperfect 5.1) ပေါ်ပေါက်လာပြီး (Dbase 4), (Lotus 1-2-3) စသည်တို့အပြင် (Harbor Graphic 3 ), (AutoCAD) စသည်တို့ ကိုပါသုံးစွဲလာနိုင်ကြောင်းသိရပါသည်။ WINDOWS OS ပေါ်လာသော အပြောင်းအလဲပြီးသည့်တိုင် မြန်မာပြည်တွင်ကွန်ပြူတာမြင်သိထိတွေ့ဖူးသူအလွန်နည်းပါးပြီး
WINDOW 95 ပေါ်ပေါက်လာပြီးမှ တစ်စတစ်စပြည်သူလူထုအတွင်း ကွန်ပြူတာသုံးစွဲနိုင်သောအခြေအနေရောက်လာခဲ့ပါသည်။
သင်ကြားရေးတွင်မူ WINDOWS 3.1 ခေတ်ကပင် CSS, RS, MCC စသော သင်တန်းအဖွဲ့အစည်းများလဲပေါ်ထွန်းလာပြီး။ ACE, KMD စသည်အဖွဲ့အစည်းများလည်းဆက်လက်ပေါ်ပေါက်လာကြောင်းသိရပါသည်။ ကွန်ပြူတာဂျာနယ်သည်လည်း မြန်မာ့ကွန်ပြူတာသမိုင်းတွင် အရေးပါသောအခန်းမှပါဝင်နေကာ အကျိုးပြုပံ့ပိုးကူညီနိုင်ခဲ့ပါသည်။ ဒင်းနစ်ဝင်းသိန်း၏အစီအစဉ်ဖြင့် အချို့အခြေခံပညာကျောင်းများအတွက် LC630 Macintosh ကွန်ပြူတာများအကြွေးရောင်းချပေးခဲ့ရာမှ မြို့ငယ်လေးများ၏အထက်တန်းကျောင်းများပါ ကိုယ်ထူကိုယ်ထစနစ်ဖြင့် Clone PC များဝယ်ယူသိမ်းဆည်းပြသသောအလေ့၊ Multimedia classroom များဖွဲ့စည်းတည်ဆောက်သောဓလေ့များထွန်းကားခဲ့သည်ဆိုပါသည်။
ဆက်လက်ပြီး Network ကွန်ယက်ချိတ်ဆက်သောလုပ်ငန်းများဖွံ့ဖြိုးလာခဲ့သော်လည်း အင်တာနက်ကို တိုက်ရိုက်မသုံးနိုင်သေးပဲ အင်ထရာနက် သုံးကြရသည်ဆိုပါသည်။ Dial up စနစ် ကွန်ယက်ချိတ်ဆက် ပစ္စည်းတို့မှာ ခွင့်ပြုချက်မရလျှင်သုံးစွဲခွင့်မရှိသောကန့်သတ်ပစ္စည်းဖြစ်ခဲ့ရပြီး နောင်အခါ IP Star စလောင်းများဖြင့် Internet ချိတ်ဆက်အသုံးပြုမှုအထိ ကျယ်ပြန့်လာသည်ဆိုပါသည်။
ကွန်ပြူတာဝန်ဆောင်မှုအပိုင်းတွင် စာစီစာရိုက်လုပ်ငန်းမှာစီးပွားဖြစ်အသွင်ဦးစွာပေါ်ပေါက်လာပြီး၊ ကွန်ပြူတာဖြင့် ဇာတာဖွဲ့ပေးခြင်းစသည်တို့လည်းပိုမိုစောစီးစွာပေါ်ပေါက်ဖူးသည်ဆိုပါသည်။ စာစီရာမှ ဒီဇိုင်းလုပ်ငန်းများ ထိုမှတဆင့် စီဒီဗီဒီယိုအခွေကူးခြင်း/ MP3 ပြောင်းပေးခြင်း၊ ငှားရမ်းခြင်း ဓါတ်ပုံအခွေထုတ်ခြင်း ဗီဒီယိုတည်းဖြတ်ခြင်း ကာတွန်းရုပ်ရှင်ဖန်တီးခြင်း၊ ဂိမ်းဆိုင်များဖွင်ခြင်းတို့နှင့်အတူ ဆိုင်ဘာကဖေးဆိုင်များ ပေါ်ထွန်းလာသည်အထိ ကမ္ဘာနှင့်အညီ ရင်ဘောင်တန်းလိုက်လာနိုင်သလို IT ပညာရှင်များလည်း အထိုက်အလျောက်ပေါ်ပေါက်လာပြီး ကွန်ယက်များချိတ်ဆက်ထိန်းသိမ်းပေးခြင်း ဆော့ဖ်ဝဲရေးသားရောင်းချခြင်း။ Web page ဒီဇိုင်းရေးဆွဲကြော်ညာပေးခြင်း စသည့် အတတ်များလည်းတတ်ကျွမ်းလာနေပြီဖြစ်ပါသည်။ ဟက်ကာများလည်း ရှိသည်ဟု ကြားသိနေရပါသည်။

ကွန်ပျူတာ သမိုင်း

ကွန်ပျူတာဆိုတာ
“ကွန်ပျူတာ”ဆိုတာ ဘာလဲတဲ့ !!
ပြောရမယ်ဆိုရင် ... သေချာတာတော့ .. “ကွန်ပျူတာ”ဟာ electronic device (ပစ္စည်း) တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ စတင်ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းကို လေ့လာမယ်ဆိုရင် ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀)ကျော်လောက်တုန်းက ရှေးခေတ်လူသားတွေ သုံးခဲ့တဲ့ … “ပေသီး” (သို့) ဂဏန်းပေါင်းစက် (Abacus) ခေတ်ကို ပြန်ရောက်သွားပါလိမ့်မယ်။
အဲဒီ (Abacus) “ပေသီး”ကနေ အခြေခံပြီး .. လူတွေဟာ ဂဏန်းပေါင်းစက် တီထွင်လာနိုင်သည်အထိ .. ဉာဏ်ရည်တွေ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ် .. ။ အဲဒီ ဂဏန်းပေါင်းစက် မှတစ်ဆင့် .. မှတ်ဉာဏ် (Memory) ပိုမိုကောင်းမွန် .. တွက်ချက် (processing)နိုင်သော ကွန်ပျူတာတွေအထိ တီထွင်တိုးတက်လာခဲ့ပါတယ် … ။
ကွန်ပျူတာရယ်လို့ ဖြစ်ပေါ်လာပေမယ့်လည်း .. ကွန်ပျူတာဆိုတဲ့ ရှေးသမိုင်းကြောင်းတွေ ထပ်ရှိပါသေးတယ် … ။ အသေးစိပ်ကို လေ့လာရင်တော့ … ရှေ့မရောက်ပဲ ဖြစ်ကုန်တော့မယ် .. ။ အဓိက ဆိုလိုရင်းအဓိပ္ပါယ် (Main Concept)တွေကို သိရှိနားလည်မယ်ဆိုရင် ကွန်ပျူတာကို လေ့လာတဲ့အခါမှာ ပိုမိုလွယ်ကူစေမှာ ဖြစ်ပါတယ် .. ။
သမိုင်းကြောင်း တစ်ခုလုံးကို လေ့လာနေဖို့လည်း မလိုအပ်ပါဘူး .. ။
ဥပမာ … ကိုယ်စားနေတဲ့ သစ်သီးတစ်လုံးနဲ့ ယှဉ်ပြီးစဉ်းစားကြည့်မယ်ဗျာ … ။ အဲဒီ“သစ်သီး” ဘယ်ကလာသလဲ .. ဘယ်အပင်ကလည်း .. ဒီလောက်သိထားရင် တော်ပီ။ ဒီအပင်ကို ဘယ်လိုစိုက်ခဲ့လဲ .. မြေသြဇာဘယ်လိုသုံးရလဲ .. မြေသြဇာအတွက် … နွားချေးဘယ်နှစ်ပိဿာ ထည့်ရတယ်… အဲဒီအပင်က စိုထိုင်းတဲ့နေရာမှာ ပေါက်တာလား .. ပြီးတော့ ခြောက်သွေ့တဲ့နေရာမှ ပေါက်တာလား စသည်ဖြင့် .. ပုံစံတွေနဲ့ လေ့လာမယ်ဆိုရင် .. ဒါက စိုက်ပျိုးရေးသမား အလုပ်ဖြစ်သွားပါပြီ ..။

           အဲဒီလိုပဲ ကိုယ်က ကွန်ပျူတာကိုလေ့လာမှာ .. အဆင့်မြင့်နည်းပညာဆီကိုလေ့လာမှာဆိုတော့ .. သမိုင်းကြောင်းလည်း အဲလောက်ကြီး နက်နက်နဲနဲ လေ့လာနေဖို့မလိုပါဘူး .. နောက်ပြန်ဆုတ်ရင်းနဲ့ ရှေ့မရောက်ပဲ ဖြစ်တတ်လို့ပါ … ။ ပိုဆိုးတာက .. နည်းပညာ (Technology) ဆိုတာကလည်း .. အချိန်နဲ့အမျှ ပြောင်းလဲတိုးတက် (update) အမြဲဖြစ်နေတဲ့အချိန် .. ။ အဲဒီအချိန်မှာ ကိုယ်က သမိုင်းကြောင်းပဲ အသေးစိတ် ပြန်သွားပြီး လေ့လာမယ်ဆိုရင် .. အကြိုးထူးလာနိုင်ဖို့ နည်းလမ်းနည်းပါတယ် .. ။
             မြောင်းကြီးကြီးခုန်ဖို့ နောက်ကို ခြေ(၂)လှမ်း၊ (၃)လှမ်းလောက် လှမ်းလိုက်ပါ။ ပြီးတော့မှ .. အရှိန်နဲ့ပြေးခုန်လိုက် .. ကိုယ်လိုချင်တဲ့ ဟိုဖက်အခြမ်းက .. Update Technology ကို မရောက်စရာ အကြောင်းမရှိပါဘူး .. ။ နောက်မဆုတ်ပဲနဲ့လည်း တန်းမခုန်လိုက်နဲ့ .. ချောက်ထဲကြသွားမယ် … ။ နောက်လည်းအရမ်းမဆုတ်လိုက်နဲ့ … နောက်ဆုတ်လွန်းရင်လည်း … ချောက်ရှိတယ် .. ကျသွားမယ်… … မိတ်ဆွေတို့ .. ။






သင့်ရဲ့ USB drive, Memory stick, Thumb drive, MP3/MP4 player ထဲမှဖိုင်များကို လုံခြုံစိတ်ချစွာ တခြားမဆိုင်သူ မဖတ်စေချင်ရင်.....  

            အခု ကျွန်တော် ပြောပြမဲ့ ပရိုဂရမ်လေးက Toucan လို့ ခေါ်ပါတယ်။
မိတ်ဆွေတို့ရဲ့ ဖိုင်တွေကို ဝှက်စာ အဖြစ် ပြောင်းပေးနိုင်တဲ့ အသုံးဝင် ပရိုဂရမ်တခုပါ။ မိတ်ဆွေတို့ရဲ့ USB drive, Memory stick, Thumb drive, MP3/MP4 player ထဲမှာ ဒီပရိုဂရမ်လေးကို ထည့်ထား လို့ရပြီး ဘယ် အင်တာနက်ကဖေးမှာ ဖြစ်ဖြစ် သုံးလို့ရပါတယ်။
         ကိုယ့်ရဲ့ USB drive, Memory stick, Thumb drive, MP3/MP4 player ထဲမှာ နိုင်ငံရေးနဲ့ ပတ်သက်တာ၊ ကိုယ်ရေးကိုယ်တာ ကိစ္စ၊ နှလုံးသားရေးရာ၊ ငွေကြေးကိစ္စ၊ တခြားလူ အသိမခံနိုင်တဲ့ ဘာမဆို သိမ်းထားချင်တယ်ဆိုရင် ဒီပရိုဂရမ်လေးကို သုံးစွဲခြင်းဖြင့် လုံခြုံစိတ်ချစွာ လျှို့ဝှက်ထားနိုင်တဲ့ စွမ်းရည်ရှိပါတယ်။

ကဲ အသုံးပြုပုံလေး နဲနဲ ပြောကြရအောင်။

              ဒီပရိုဂရမ်လေးကို သုံးဖို့ အခု ဒီ post ရဲ့အောက်မှာပါတဲ့ Attachment ကို Download ဆွဲလိုက်ပါ..။
 
               ဒါမှမဟုတ် http://portableapps.com/apps/utilities/toucan ကို သွားပြီး ကိုယ့်ဘာသာကိုယ် download လုပ်ရင်လဲရပါတယ်။
connection အပေါ်မူတည် ပြီး သင့်တော်တဲ့ နေရာ ကနေ download လုပ်ပါ။
download လုပ်ပြီးရင် သင့်ရဲ့ USB drive, Memory stick, Thumb drive, MP3/MP4 player ထဲမှာ install လုပ်ရပါမယ်။
install လုပ်ပြီးရင် ဘယ်ကွန်ပျူတာမှာမဆို တပ်ပြီးသုံးလို့ ရပါပြီ။
USB drive, Memory stick, Thumb drive, MP3/MP4 player ကို My Computer နေ ဖွင့်ပါ။ 

Toucan ပရိုဂရမ်ကို ရှာပြီး ဖွင့်ပါ။
ပြီးရင် အပေါ်က Tools Bar မှာ ၃ ခုမြောက် Scure ကိုရွေးပါ..။
ဘယ်ဘက် ဘောက်စ်ထဲမှာ အခုကွန်ပျူတာ မှာရှိတဲ့ disk drive တွေကိုပြ နေပါလိမ့်မယ်။        
           ကိုယ်လိုချင်တဲ့ ဖိုင်ရှိရာကို ရောက်တဲ့အထိ double click ပြီးဖွင့်ပါ။
တွေ့ပြီဆိုရင် ဘောက်စ် နှစ်ခုကြားမှာရှိတဲ့ + သင်္ကေတကို နှိပ်လိုက်တာနဲ့ အဲဒီဖိုင်ဟာ ညာဘက်မှာရှိတဲ့ ဘောက်စ်ထဲကိုရောက်သွားမှာပါ။
တဖိုင်ချင်းသာမက ဖိုဒါတခုလုံးကိုပါ ဝှက်စာ လုပ်လို့ရပါတယ်၊ ဝှက်စာကနေ ပြန်ဖော်လို့ရပါတယ်။
 ဖိုင်တွေကိုရွေးပြီးရင်  function ဆိုတဲ့ဘောက်စ်ထဲမှာ ဝှက်စာ အဖြစ်ပြောင်းမယ်ဆို Encrypt ရွေးပြီး ဝှက်စာ ကနေပြန်ဖော်မယ်ဆို Decrypt ကိုရွေးပါ။
                ပြီးရင် အိုကေ ကိုနှိပ်လိုက်ရင် Please enter your password ဆိုပြီး ဘောက်စ်တခုပေါ်လာပါလိမ့်မယ်။
password ကို ရှည်နိုင်သမျှရှည်ရှည် ပေးတာပိုကောင်းပါတယ်။
ကိုယ့် password ကိုလည်း ကိုယ်ပြန်မှတ်မိပါစေ။
ပြီးတာနဲ့ အိုကေ ကို နှိပ်လိုက်ရင် မူရင်းဖိုင်ပျောက်သွားပြီး ဝှက်စာ ဖြစ်သွားတဲ့ ဖိုင်ကိုရပါလိမ့်မယ် (ပြောင်းပြန် အနေနဲ့ ဆိုရင် ဝှက်စာဖိုင် ပျောက်သွားပြီး မူရင်းဖိုင် ပြန်ရမှာပါ)။
ဝှက်စာဖိုင်ဖြစ်သွားပြီးနောက် ဘယ်အင်တာနက် ကဖေးမဆို USB drive, Memory stick, Thumb drive, MP3/MP4 player ကို သယ်သွားလို့ရပါပြီ။
တဖက်သူဆီကို ပို့ရင်လဲ စိတ်ချလက်ချ ပို့လို့ရပါပြီ။
ကိုယ့်ရဲ့ဝှက်စာ လုပ်တဲ့ password ကိုလက်ခံရရှိသူကသိရင်ပြီးတာပါပဲ



gtalk မှာ မိမိနာမည်မကျန်ခဲ့စေချင်ရင်.......
..


ကျွန်တော်တို. Gtalk သုံးတဲ့အခါမှာတော်များများကတော့အင်တာနက်ဆိုင်မှာသုံးတာများ
ပါတယ်။အခုတင်ပြတဲ့နည်းကတော့အင်တာနက်ဆိုင်မှာမိမိရဲ.Gmail Addressတွေမကျန်
ခဲ့စေအောင်သုံးတဲ့နည်းလေးပါ။ဒီလိုပါ။မိမိGtalk မ၀င်ခင် မိမိရဲ.ရှေကဘယ်သူတွေ Gtalk
ဝင်သွားလဲ၊သူတို.ရဲ. Gmail Addressတွေကဘာနာမည်လဲဆိုတာသိချင်ကြပါလိမ့်မယ်။
နောက်တခုက မိမိ Gtalk ၀င်ခဲ့ရင်လဲမိမိ Gmail Address ကိုသူများမသိအောင်ဘယ်လို
ဖျက်မလဲဆိုတာတင်ပြပေးချင်ပါတယ်။သူများသိတော့ကို ကို invite လုပ်မှာပေါ့။အဒီတော့
စက်ထဲမှာ မိမိ Gmail Addressမကျန်ခဲ့စေရန်ရည်ရွယ်ရေးသွားပါတယ်။
စလုပ်လိုက်ရအောင်။

၁။ အရင်ဦးဆုံး Start ထဲက Run ကိုနှိပ်ပါ။
    (သို.မဟုတ်)Window+R ကိုတွဲဖိပါ။

၂။ Run Box ကျလာပါက Regedit ကိုရိုက်ထည့်ပေးပါ။
     Box ကျလာပါလိမ့်မည်။

၃။ ထို Boxထဲတွင် Folder ၅ခုတွေ.ပါလိမ့်မည်။
     ထို Folder ၅ခုမှ ဒုတိယမြောက် HKEY_CURRENT_USER ဘေးရှိ + ကိုနှိပ်ပါ။
     List ကျလာပါလိမ့်မည်။

၎။ Software ရှာပါ။တွေ.ပါကSoftware ဘေးရှိ +ကိုဆက်နှိပ်ပါ။
     List ကျလာပါလိမ့်မည်။

၅။ Google ကိုရှာပါ။တွေ.ပါက Google ဘေးရှိ + ကိုဆက်နှိပ်ပါ။
     List ကျလာပါလိမ့်မည်။

၆။ Google Talk ကိုရှာပါ။
     တွေ.ပါက Google Talk ဘေးရှိ +ကိုနှိပ်ပါ။
     List ကျလာပါလိမ့်မည်။

၇။  Account နှိပ်ပါ။
     Gmail Address များကိုတွေ.ရပါလိမ့်မည်။
     အကယ်လို.မိမိ Gtalk ၀င်ခဲ့ တယ်ဆိုရင်တော့မိမိGmail Addressနာမည်
     ပေါ်နေပါလိမ့်မည်။
     ဖျက်လိုပါက မိမိနာမည် ပေါ်တွင် Right ကလစ်နှိပ်၊Delete ကိုနှိပ်လိုက်ပါ။
     Name/Type/Data တို.အောက်ကျန်ခဲ့ပါက Name အောက်ရှိ ab ပေါ်တွင် Right
     ကလစ်နှိပ်၊Delete ကိုနှိပ်ပေးပါ။








 
  # #sidebar h3 {
# font-size: 24px;
# color: #044055;
# font-weight: normal;
# padding-bottom: 20px;
# padding-left: 15px;
# }
#
# #sidebar ul {
# list-style: none;
# padding-bottom: 25px;
# }
#
# #sidebar ul li a {
# font-size: 14px;
# color: #393838;
# }
#
# ul#subscribe li {
# padding-bottom: 5px;
# }
#
# ul#subscribe li a {
# font-size: 18px;
# }
 

အချစ်ငရဲသားလေးရင်ထဲမှာ
မီးတွေတောက်နေတယ်

 
 
View my page on Myanmar IT Professionals
I Love Myo.
Image by Cool Text: Logo and Button Generator - Create Your Own
 

ကိုညီနေမင်းဘလော့

 
 
www.nyinaymin.com
 

ရေးချင်တာလေးတွေရေးခဲ့ကြပါ

 
 
 
Today, there have been 2 visitors (3 hits) on this page!
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free