အင်တာနက်ဆိုတာကြီးနဲ.စပြီးမိတ်ဆက်ပေးပါမယ်။
ကျွန်တော်ဟိုးအရင် အင်တာနက်စသုံးကာစက အင်တာနက်ဆိုတာ ကြီးကဟိုးကောင်းထဲမှာပဲ ရှိသလိုလို စကြာဝဠာ အပြင်ဖက်မှာပဲ ရှိသလိုလိုနဲ. ထင်ခဲ့ဖူးတယ်။ တကယ်ကအဲသလို မဟုတ်ဖူးဗျ။ မြန်မာနိုင်ငံထဲမှာ အင်တာနက်ချိတ်မယ်ဆိုတဲ့ ကွန်ပြူတာတွေက မြန်မာ ISP ဆိုတဲ့ကွန်ပြူတာ Server ကြီးမှာ နက်ဝက် သွားချိတ်ဆက်ရတယ်။ ချိတ်ဆက်ပုံကတော့ အမျိုးမျိုးပေါ့ဗျာ။ အဓိက ကတော့ တယ်လီဖုံးလိုင်းတွေက တဆင့်ချိတ်ဆက်ကြတယ်။
အဲဒီလိုပဲ တခြားနိုင်ငံအသီးသီးကလဲ သူတို.ရဲ့ကွန်ပြူတာတွေကို သူတို.နိုင်ငံက Server ကြီးတွေနဲ.သွားချိတ်ကြတယ်။ ပြီးတော့နီးဆက်ရာ နိုင်ငံအချင်းချင်း ISP ဆာဗာကြီးတွေ အချင်းချင်း ပြန်ချိတ်ဆက်ကြပြန်တယ်။ အဲဒီအချိန်မှာ ကမ္ဘာ တစ်ဝန်းလုံး အတွင်း နက်ဝက်ကွန်နက်ရှင် ကြီးတစ်ခုဖြစ်သွားတယ်။ အဲဒါကိုစာနဲ.ပြောမယ်ဆိုရင် (WAN)Wide area Network လို.ခေါ်တယ်။Remote နက်ဝက်ကွန်နက်ရှင်ဆိုလည်း မမှားဘူး။
အဲဒီတော့မှ ကမ္ဘာ အရပ်ရပ်ကလူတွေက Remoteနက်ဝက်ကနေ သတင်းအချက်အလက်တွေယူတယ်။ ဖိုင်၊ ဖိုဒါတွေ Share သုံးတာကို အင်တာနက် သုံးတယ်လို.ခေါ်တယ်။ သြော်ပြီးတော့ ခုနကပြောတဲ့ဆာဗာကြီးတွေမှာ ၀က်ဆာဗာတွေ ပေါင်းထည့်ပြီး ၀က်ဆိုဒ်တွေ ထောင်ပေးတယ်ဗျာ။ မေးလ်ဆာဗာတွေ ပေါင်းထည့်ပြီး အီးမေးလ်းတွေ ပို.လို.ရအောင်လုပ်ပေးတယ်ဗျာ။ အဲဒီလို world wide web သုံးတာကို အင်တာနတ်သုံးတယ်လို. ခေါ်ပါတယ်။ အခြေခံကတော့ ဒီလောက်သိထားရင် သူများတွေကို ရွှီးလို.ရတာပေါ့။ ဟုတ်တယ်မလား။ :-)